ဖုန်းထဲမှာ အဲဒီ KNOX app ရှိနေရင် Root တဲ့အခါရလာတဲ့ SuperSU ကို သူက Block ပစ်ပါတယ်။ SuperSU အလုပ်မလုပ်ရင် မြန်မာဖောင့်ထည့်ဖို့ အရမ်းခက်ခဲသွားမှာပါ။ ဒါကြောင့် Root မလုပ်ခင် KNOX app ကို ပိတ်ထားတာ အကောင်းဆုံးပါ။ အခု အဲဒီ KNOX app ပိတ်နည်းလေး တင်ပေးလိုက်ပါတယ်။
ဖုန်းမှာ USB debugging mode ကို On ထားပါ။ ဖုန်း Battery 70% ရှိရန်လိုအပ်ပါတယ်။
Samsung USB driver ကို Download လုပ်ပြီး Computer မှာ Install လုပ်ထားပါ။
Download:
Flashing KNOX Disabled Bootloader
------------------------------
Step 1. Disable KNOX Bootloader File ကို Download လုပ်ပြီး Desktop ပေါ်မှာ သိမ်းထားပါ။
Download:
Step 2. ODIN ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားပါ။
Download:
Step 3. WiFi Fix ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားပါ။
Download:
Step 4. Phone ကို Power ပိတ်ပြီး Download mode ဝင်ပါ။ [Home + Power + Volume down button]
Step 5. ODIN Software ကို Run ပြီး Download mode ဝင်နေသောဖုန်းကို USB cable အသုံးပြု၍ Computer နှင့် ချိတ်ဆက်ပါ။
Step 6. ID:COM Box မှာ အရောင်သမ်းလာရင် MJ5BLPatch.tar.md5 ကို AP မှာ ထည့်ပေးပါ။
Step 7. အားလုံး ပြည့်စုံပြီဆိုရင် Start နှိပ်ပြီး ID:COM မှာ PASS ပြတဲ့အထိ စောင့်ပါ။
Step 8. ဖုန်းက ပုံမှန်အနေအထား ပြန်ရောက်လာရင် Step-4 နှင့် Step-5 အတိုင်း ပြန်လည်ပြင်ဆင်ပါ။
Ste 9. ပြီးရင် Step-3 မှာ Extract လုပ်ခဲ့တဲ့ patch.tar.md5 ကို AP မှာ ထည့်ပေးပြီး Start ကိုနှိပ်ပါ။
Step 10. ID:COM Box မှာ PASS ပြပြီဆိုရင် USB Cable ကို ဖြုတ်နိုင်ပါပြီ။
ပြီးပါပြီခင်ဗျာ အဆင်ပြေပါစေ…
creadit>>> http://1mobilecorner.blogspot.com/2013/11/trakax-movieexpress.html?m=1
4.1.2 ကိုပြန်ပီး downgrade ချလို့ ရ လားခင်ဗျာ knox ကို ပိတ်ပီး သွား ရင်
ReplyDelete