Showing posts with label pc နည်းပညာ. Show all posts
Showing posts with label pc နည်းပညာ. Show all posts

Bluetooth လို့ခေါ်ရခြင်း အကြောင်း


တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။
.
Ref:wiki
အောင်ခမ်း ( International news for myanmar )

http://www.innewsmyanmar.com/2013/10/bluetooth.html

Windows 7 Password ကို reset ချမယ်။(ဆော့ဝဲမလို)

Windows  Password မေ့သွားလို့  ရှိရင် Windows Password Remover Software တွေနဲ့  password ကိုဖျက်လို့ ရပါတယ်။အခုရေးမယ့်နည်းက အဲဒီဆော့ဝဲတွေ သုံးစရာမလိုဘဲ Windows 7 Password ကို ဖျက်နိုင်ပါတယ်။သင့်မှာလို အပ်တာက Windows 7 Installer CD/DVD တစ်ခုပါပဲ။ဒီနည်းကို Windows7 မှာ စမ်းသပ်ပြီးအဆင်ပြေပါတယ်။Windows 8 မှာတော့မရပါဘူး။

Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။

အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\

Windows ထဲမှာပါတဲ့ Disk Cleanup ဖြင့် အမှိုက်များရှင်းနည်း




ကွန်ပျူတာတလုံးကို သန့်ရှင်းရေးလုပ်တဲ့ အခါမှာ ဒီ Disk Cleanup Tool လေးကိုလည်း မသုံးလို့ မဖြစ်ပါဘူး..။ ဒီကောင်လေးက စက်ထဲမှာရှိတဲ့ အမှိုက်တွေနဲ့ ဖရီးစပေ့(Free Space)တွေကို ရှင်းလင်းပေးတဲ့ နေရာမှာ ထိရောက်လှပါတယ်..။ အသုံးပြုနည်းကလည်း သိပ်မခက်ပါဘူ..။ ဒီ Tool လေးကို အရင်ဆုံး မိမိတို့ရဲ့ Desktop မှာ ရှော့ကပ်ပုံလေးအရင်ပေါ်အောင် လုပ်လိုက်ပါ..။ တခါဖွင့်ရုံနဲ့ မပြီးပါဘူး..။ နောက်တခါထပ်ဖွင့်ရမှာ မို့ပါ..။ ပုံမှာပြထားပါတယ်..။


Desktop မှာရောက်လာပြီဆိုရင် Disk Cleanup ပုံလေးကို နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲတွင် အမှန်ခြစ်များကို တန်ဖိုးဂဏန်းရှိတဲ့ နေရာတွေမှာ တပ်ပေးပါ..။ သုည ပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ဖို့ မလိုပါဘူး..။ အသုံးပြုနည်းလေးကို အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
ဘယ် Tool ကိုပဲဖြစ်ဖြစ် Desktop မှာထုတ်ချင်ရင် ဒီအောက်ကပုံအတိုင်းပဲ
ထုတ်ပါတယ်..။ နံပါတ်စဉ်တိုင်း လိုက်လုပ်ပေးပါ..။

ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း


ပထမဆုံးနည်းလမ်းက

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...

ဒုတိယနည်းလမ်းက
 
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
 
တတိယနည်းလမ်းက
 
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်

စတုတ္တနည်းလမ်းက

Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..

နောက်ဆုံးနည်းလမ်းကတော့

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်ကcode လေးကိုcopyကူးပြီး အောက်ဆုံးမှာထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..
 

Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့



        ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ 


            ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ 

ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ

 



ကွန်ပျူတာ​ကို အင်​တာ​နက်​က​နေ ချိတ်ဆက်​အသုံးပြု​တဲ့​အခါ​မှာ ပြဿနာအမျိုး​မျိုး​ကို​ရင်ဆိုင်​ရ​နိုင်​ပါ​တယ် .​အထူးသဖြင့် သင့်​သ​တင်း​အချက်အလက်​တွေ​ကို ရ​ယူ​ပြီး သင့်​အနေ​နဲ့ လုပ်​ချင်​ရာ​လျှောက်​လုပ်​တာ​မျိဳး​ဟာ ဘဝ​ပျက်​တဲ့​အထိ ထိခိုက်​နိုင်​ပါ​တယ်... သင့်​ကွန်ပျူတာ​စနစ်​ရဲ့ လုပ်ဆောင်​ချက်​တွေ​ကို ထိခိုက်​အောင်​လုပ်ဆောင်​တာ​မျိဳး​တွေ​လည်း မ​ဖြစ်​မ​နေ​ကြုံ​ရ​နိုင်​ပါ​တယ်... ဒါ​ကြောင့် သင့်​သ​တင်း​အချက်အလက်​တွေ​နဲ့ သင့်​ကွန်ပျူတာ​စနစ်​ကို ကာ​ကွယ်​ပေး​နိုင်​ဖို့ လုပ်ဆောင်​သင့်​တဲ့ အချက် (၁​၀) ချက်​ကို ဆွေးနွေး​ဖော်​ပြ​ပေး​ပါ​မယ်...

Related Posts Plugin for WordPress, Blogger...