Samsung GALAXY GRAND Duos GT – I9082 ကို Zawgyi ပါသော firmware တင်ကြမယ်


ခုနောက်ပိုင်းထွက်ဖုန်းတစ်လုံးဖြစ်တဲ့ GT-I9082 တွက် samsung က myanmar စာ ပါတဲ့ firmware ကိုထုတ်ပေးလိုက်ပါပြီခင်ဗျာ။ Root လုပ်စရာလဲလိုတော့ဘူး မြန်မာစာလည်းမှန်သွားပြီ setting ထဲမှာပါ မြင်ရပြီဆိုတော့ စိတ်ချမ်းသာရပါပြီခင်ဗျာ။ ဒါဆိုရင်တော့ အဲဒီ firmware ကိုတင်ဖို့ လုပ်မယ်လေ မလုပ်ခင်လိုတာလေးတွေ ဒေါင်းမယ်နော်....
 Firmware

>> Download <<

Odin

>> Download <<

Driver

>> Download <<

ဒေါင်းပြီးသွားရင်တော့ တင်ဖို့စကြမယ်နော်....
အရင်ဆုံးဖုန်းကို အားပြည့်အောင်သွင်းပါ.. usb debug နဲ့ Unknow source ကို On ပြီးပါဝါပိတ်လိုက်ပါ။ ခဏနေရင် home + vol down + power နှိပ်ပြီး continue ပေါ်လာရင် vol up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Download mode တတ်လာပါပြီ။
ပြီးရင် ကွန်ပျူတာနဲ့ချိတ်ပေါ့ ခါတိုင်းတင်နေကြပုံစံအတိုင်းပါ။ Pdaဆို နေရာမှာ ဒေါင်းထားတဲ့ firmware လေးကို ဖြည်ပြီးI9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 ဆိုတဲ့ဖိုင်လေးထည့်ပေးပါ။ ပြီးရင် re-partition ကိုအမှတ်မခြစ်ပါနဲ့ မခြစ်ဘူးဆိုရင် odin က start သာနှိပ်လိုက်ပါ။ တင်နေပါလိမ့်မယ် pass ပြသွားပြီဆိုရင်လည်း ဖုန်းပြန်တတ်လာတဲ့အထိစောင့်ပြီးမှ ကြိုးဖြုတ်လိုက်ပါ။ မြန်မာစာပါသော firmware ကိုတင်လို့ပြီးသွားပါပြီ။

ပုံလေးနဲ့မပြတော့ဘူးနော် ပုံလေးကိုကြည့်ချင်ရင်တော့ ပထမ samsung ဟောင်းတွေမှာ တင်ထားတာနဲကအတူတူပါပဲခင်ဗျာ ။ လုပ်နေကြပုံစံလေးဖြစ်လို့ တင်မပေးတော့ပါဘူးခင်ဗျာ။



Fimrware ဒေါင်းလို့အဆင်ပြေအောင်လို့ ကိုစိုင်းမောင်မောင် တင်ပေးထားသော mediafire လင့်လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ။


creadit>>>koko wynn pyay

No comments:

Post a Comment

ဒေါင်းလော့လုပ်နည်း download ကိုနိုပ် ပြီးရင်နောက်တမျက်နှာရောက်ပါက ၅ စက္ကန့်မျှစောင့်ပေးပါ။ခဏကြာရင် ညာဘက်ထိပ်နားလေးမှာ "Skip" ဆိုတာပေါ်လာပါမယ်။ အဲဒီပေါ်လာတဲ့ Skip ကို ထပ်နှိပ်လိုက်ပါက မိမိဒေါင်းလုပ်ယူမည့် ဆိုဒ် သို့ရောက်ရှိပြီး Download ဆိုတာကိုထပ်နှိပ်ပေးလိုက်ခြင်းအားဖြင့် downloading စတင်နေမှာဖြစ်ပါတယ်။