Android ဖုန်း/Tablet ကိုအသုံးပြုပြီး Gmail အကောင့်အများကြီးဖွင့်နည်း

Gmail account အသစ်တွေအများကြီးဖွင့်နိုင်တဲ့နည်းလေးပါတဲ့ ။ Android ဖုန်း/Tablet တစ်ခုခုရှိထားဖို့လိုပါတယ်။ Device ကို အင်တာနက်ချိတ်ဆက်ထားရပါမယ်။ အခုနည်းကတော့ အိုင်တီမုဆိုး မျှဝေတဲ့နည်းလေးဖြစ်ပါတယ်။ ကဲလုပ်နည်းကို ဆက်လက်ဖတ်ရှုကြရအောင်ဗျာ။
ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် …
အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..

အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ။ (ဖုန်းမှာ Gmail account ထည့်မထားတဲ့သူဆိုရင် အခုအဆင့်ကိုလုပ်စရာမလိုပါဘူး)

နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ


ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ
ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ

အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

အဲဒီထဲက New ကိုရွေးပေးပါ … အောက်ကပုံအတိုင်းပွင့်လာပါမယ်

Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ

နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ

ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..

( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)
အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်

ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend’s name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်

ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ … အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့ gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..

ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ …
ယခု ဆောင်းပါးရှင်ရဲ့အဆိုအရတော့ တစ်ပြိုင်နက်တည်း အကောင့် ၁၆ ခုလောက်ဖွင့်လိုက်တယ်လို့ဆိုပါတယ်။ Android ဖုန်းအသုံးပြုသူတွေလည်းမိမိတို့ဖုန်းကိုအသုံးပြုပြီး အခုနည်းနဲ့ Gmail Account အသစ်များဖွင့်နိုင်ကြပါစေ။
ရေးသားသူ- အိုင်တီမုဆိုး

Ref & Credit: အိုင်တီမုဆိုး

No comments:

Post a Comment

ဒေါင်းလော့လုပ်နည်း download ကိုနိုပ် ပြီးရင်နောက်တမျက်နှာရောက်ပါက ၅ စက္ကန့်မျှစောင့်ပေးပါ။ခဏကြာရင် ညာဘက်ထိပ်နားလေးမှာ "Skip" ဆိုတာပေါ်လာပါမယ်။ အဲဒီပေါ်လာတဲ့ Skip ကို ထပ်နှိပ်လိုက်ပါက မိမိဒေါင်းလုပ်ယူမည့် ဆိုဒ် သို့ရောက်ရှိပြီး Download ဆိုတာကိုထပ်နှိပ်ပေးလိုက်ခြင်းအားဖြင့် downloading စတင်နေမှာဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...