ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ

 



ကွန်ပျူတာ​ကို အင်​တာ​နက်​က​နေ ချိတ်ဆက်​အသုံးပြု​တဲ့​အခါ​မှာ ပြဿနာအမျိုး​မျိုး​ကို​ရင်ဆိုင်​ရ​နိုင်​ပါ​တယ် .​အထူးသဖြင့် သင့်​သ​တင်း​အချက်အလက်​တွေ​ကို ရ​ယူ​ပြီး သင့်​အနေ​နဲ့ လုပ်​ချင်​ရာ​လျှောက်​လုပ်​တာ​မျိဳး​ဟာ ဘဝ​ပျက်​တဲ့​အထိ ထိခိုက်​နိုင်​ပါ​တယ်... သင့်​ကွန်ပျူတာ​စနစ်​ရဲ့ လုပ်ဆောင်​ချက်​တွေ​ကို ထိခိုက်​အောင်​လုပ်ဆောင်​တာ​မျိဳး​တွေ​လည်း မ​ဖြစ်​မ​နေ​ကြုံ​ရ​နိုင်​ပါ​တယ်... ဒါ​ကြောင့် သင့်​သ​တင်း​အချက်အလက်​တွေ​နဲ့ သင့်​ကွန်ပျူတာ​စနစ်​ကို ကာ​ကွယ်​ပေး​နိုင်​ဖို့ လုပ်ဆောင်​သင့်​တဲ့ အချက် (၁​၀) ချက်​ကို ဆွေးနွေး​ဖော်​ပြ​ပေး​ပါ​မယ်...


​၁) ပထမ​အချက်​အနေ​နဲ့ အရာ​အားလုံး​ကို Back up လုပ်​ထား​ဖို့​လို​ပါ​မယ်... ဒါ​ဆို​ရင်​အကြောင်း​တစ်​ခု​ခု​ကြော​င့် သင့်​စနစ်​တွေ​ထိခိုက်​သွား​မယ်
ဆို​ရင်တောင် န​ဂို​အတိုင်း အမြန်​ဆုံး​ပြန်​ရောက်​နိုင်​ပါ​တယ်..

​၂) ခန့်​မှန်း​ရ​ခက်​တဲ့ password မျိုး​ကို​ရွေး​ထား​ပါ... ဂဏန်း​တွေ​ချည်း
သက်သက် စာလုံး​ရေ​နည်း​နည်း​ထား​တာ​မျိုးတွေ​မ​လုပ်​ပါ​နဲ့... default password တွေ​ကို အ​မြဲ​ပြောင်း​ပေး​ပါ...

​၃) Antivirus တွေ​ကို အသုံးပြု​ပါ... update နေ့စဉ်​လုပ်​ပါ...

​၄) သင့် OS ကို မ​ကြာ​ခဏ update လုပ်​ပေး​ပါ... software ထုတ်​လုပ်
သူ​တွေ​က ထည့်​ပေး​ထား​တဲ့ security patches တွေ​အားလုံး​ကို apply လုပ်​ထား​ပါ...

​၅) Hacker တွေ တည်​ကျက်​အဖြစ်​သုံး​တတ်​တဲ့ apps တွေ​ကို ရှောင်​ပါ... သင့် email က အချက်အလက်​တွေ​ကို အလို​အလျောက်​ယူ​သုံး​ခွင့် မ​ပေး​ပါ​နဲ့...

၆) အရေးကြီး​တဲ့ email တွေ​ပို့​တဲ့​အခါ PGP (Pretty good privacy) လို​မျိုး encryption software တွေ​ကို အသုံးပြု​ပါ... သင့် hard drive တစ်​ခု​လုံး​ကို ကာ​ကွယ်​ဖို့​လည်း ဒီ software ကို သုံး​နိုင်​တယ်​လို့​သိ​ရ​ပါ​တယ်...

၇) Spyware detection app တစ်​ခု​ခု​ကို install လုပ်​ထား​ပါ... ဖြစ်​နိုင်​ရင် တစ်​ခု​မက​တွဲ​သုံး​ပါ... SpyCop လို​မျိုး program တွေ​ကို မ​ကြာ​ခဏ run ပေး​ပါ...

​၈) Personal Firewall တစ်​ခု​ခု​ကို အသုံးပြု​ပါ... တခြား​ကွန်ပျူတာ​တွေ၊ network တွေ​နဲ့ site တွေ​က သင့်​ကို​ချိတ်ဆက်​တာ​က​နေ တားဆီး
ကာ​ကွယ်​ထား​ပါ... ကွန်ရက်​ကို​အလို​အလျောက်​ဆက်​သွယ်​ခွင့်​ပြု​မယ့် program တွေ​ကို ရွေးချယ်​သတ်​မှတ်ထား​ပါ...

၉) သင်​အသုံး​မ​ပြု​တဲ့ system services တွေ​ကို disable လုပ်​ထား​ပါ... အ​ထူး​သ​သ​ဖြင့် Remote Desktop, RealVNC နဲ့ NetBIOS တို့​လို​မျိုး တခြား​က​နေ သင့်​ကွန်ပျူတာ​ကို remote access လုပ်​နိုင်​မယ့် app မျိုး​တွေ​ဖြစ်​ပါ​တယ်...

၁​၀) သင့် wireless network တွေ​ကို လုံခြုံ​မှု​ရှိ​ပါ​စေ... အိမ်​မှာ​သုံး​တဲ့​အခါ WPA (Wi-Fi protected access) ကို စာလုံး​ရေ​အနည်း​ဆုံး ​၂​၀ လုံး​ပါ​တဲ့ password နဲ့ enable လုပ်​ထား​ပါ... သင့် laptop ကို Infrastructure mode က​နေ​ပဲ ချိတ်ဆက်​ပါ​စေ... WPA မ​သုံး​ထား​တဲ့ network တွေ​ကို မ​ချိတ်ဆက်​ပါ​နဲ့...

Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
​နှို​င်း​ရင့်​နွေ


https://www.facebook.com/photo.php?fbid=623006071073368&set=a.572785052762137

No comments:

Post a Comment

ဒေါင်းလော့လုပ်နည်း download ကိုနိုပ် ပြီးရင်နောက်တမျက်နှာရောက်ပါက ၅ စက္ကန့်မျှစောင့်ပေးပါ။ခဏကြာရင် ညာဘက်ထိပ်နားလေးမှာ "Skip" ဆိုတာပေါ်လာပါမယ်။ အဲဒီပေါ်လာတဲ့ Skip ကို ထပ်နှိပ်လိုက်ပါက မိမိဒေါင်းလုပ်ယူမည့် ဆိုဒ် သို့ရောက်ရှိပြီး Download ဆိုတာကိုထပ်နှိပ်ပေးလိုက်ခြင်းအားဖြင့် downloading စတင်နေမှာဖြစ်ပါတယ်။